Blogger templates

ခေတ်သစ်ကမ္ဘာဘလော့ပို့စ် မှ နွေးထွေးစွာကြိုဆိုပါ၏။စိတ်၏ကျန်းမာခြင်း၊ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေ....


သူငယ်ချင်းတို့ ဖုန်းနဲ့ပါက်သက်တဲ့ဆော့ဖ်ဝဲတွေ install လုပ်တဲ့အခါ mail acc တောင်းရင် မိမိတို့သုံးနေတဲ့အကောင့် နဲ့ အကောင့်ဝင်ပေးလိုက်ပါနော်....

Sunday, 7 April 2013

application(ဆော့ဝဲ) တွေကို installer ဖိုင် (.apk) ဖိုင်အဖြစ်ပြန်လည်ရယူနည်း


application(ဆော့ဝဲ) တွေကို installer ဖိုင် (.apk) ဖိုင်အဖြစ်ပြန်လည်ရယူနည်း

ဒီနည်းလေးက  ဖုန်းထဲမှာသွင်းထားတဲ့ application တွေကို .apk ဖိုင်အနေနဲ့ပြန်လိုချင်တဲ့အခါသုံးရတာလေးပါ။
တစ်ချို့ app တွေကိုinstallလုပ်ပြီးတာနဲ့ဖျက်လိုက်မိတဲ့အတွက်သူငယ်ချင်းကလိုချင်လို့တောင်းတော့ကိုယ့်မှာအဲဆော့ဝဲဖုန်းထဲမှာမရှိဖြစ်နေရင်
ဒီနည်းလေးနဲ့လုပ်နိုင်တာပေါ့။
အခုတော့Android ဖုန်းထဲက သွင်းထားတဲ့ application(ဆော့ဝဲ) တွေကို installer ဖိုင် (.apk) ဖိုင်အဖြစ်ပြန်လည်ရယူနည်း ကို တင်ပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ လိုအပ်တဲ့ Quick Uninstaller ဆိုတဲ့ application တစ်ခုကို အောက်မှာ အရင် download လုပ်လိုက်ပါ။

Quick Uninstaller အားရယူရန်
http://www.ziddu.com/download/16058500/.Tool.QuickUninstaller2.2.1ByMyanmarMobileAppStore.rar.html

download လုပ်ပြီးပြီဆိုရင် အဲဒီ application လေးကို ဖုန်းထဲမှာသွင်းလိုက်ပါ။ သွင်းပြီးပြီဆိုရင် အဲဒီ application လေးထဲကိုဝင်လိုက်ပါ။
ကိုယ့်ဖုန်းထဲမှာ၇ှိနေတဲ့ application list ပေါ်လာပါလိမ့်မယ်။

ပြီးရင် ဖုန်းက menu ခလုတ်ကိုနှိပ်လိုက်ပါ။ အဲဒီထဲက list view ကိုရွေးလိုက်ပါ။
 application list ပုံစံမျိုးပေါ်လာပြီဆိုရင် (.apk) installer ဖိုင်ပုံစံပြန်ပြောင်းချင်တဲ့ application ပေါ်ကို long press (သုံးစက္ကန့်ခန့်) ဖိထားပါ။

အောက်ကပုံထဲကလို ပေါ်လာပြီဆိုရင် ထိပ်ဆုံးက backup ဆိုတာကိုနှိပ်လိုက်ပါ။

ပြီးသွားပြီဆိုရင် ဖုန်းရဲ့ File Manager ထဲကနေ ဖုန်းရဲ့ SD card ထဲကိုသွားပါ။ အဲဒီမှာ BandBtool ဆိုတဲ့ folder လေးတစ်ခု ရောက်နေတာကိုတွေ့ရပါလိမ့်မယ်။ အဲဒီ

BandBtool ဖိုင်ထဲကိုဝင်လိုက်ရင် ခုနက ပြောင်းထားတဲ့ application လေးကို (.apk)ဖိုင်လေး အနေနဲ့ရောက်နေတာကိုတွေ့ရပါလိမ့်မယ်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

0 ခု comment ပေးထားသည်:

Post a Comment

မှတ်ချက်ပေးသွားသူများအားအထူးကျေဇူးတင်ရှိပါသည်။သူငယ်ချင်းတို့၏ မှတ်ချက် တစ်ခုသည် ကျွန်ုပ်တို့ အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။

Related Posts Plugin for WordPress, Blogger...


လူကြီးမင်းတို့ ရဲစီပွားရေးကြော်ငြာများထည့်သွင်းလိုပါကsarpayooyin@gmail.comသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်”

Template by:

Free Blog Templates