Blogger templates

ခေတ်သစ်ကမ္ဘာဘလော့ပို့စ် မှ နွေးထွေးစွာကြိုဆိုပါ၏။စိတ်၏ကျန်းမာခြင်း၊ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေ....


သူငယ်ချင်းတို့ ဖုန်းနဲ့ပါက်သက်တဲ့ဆော့ဖ်ဝဲတွေ install လုပ်တဲ့အခါ mail acc တောင်းရင် မိမိတို့သုံးနေတဲ့အကောင့် နဲ့ အကောင့်ဝင်ပေးလိုက်ပါနော်....

Saturday 30 March 2013

Android Setting ကိုမြန်မာလိုပြောင်းမယ်

ဒီပိုစ့်လေးမှာတော့ Setting ကိုမြန်မာလိုပြင်နည်းလေးပဲရေးလိုက်ပေမဲ့ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

အရင်ဆုံး Download ကစပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။

Java အားရယူရန်

Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။

Adb ဖိုင်အားရယူရန်

၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd android
adb devices
( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Apk Multi-Tools Download

၁။ Root Explorer app သုံးပြီးတော့ ဖုန်းထဲက System>app ထဲက setting.apk နဲ့ System>framework ထဲက framework-res.apk ကို copy ကူးပြီး ကွန်ပျူတာထဲထည့်ထားပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်၊ other  ဖိုဒါထဲကို ဆက်ဝင်ပြီး အဆင့် ၁ မှာရလာတဲ့ framwork-res.apk ဖိုင်ကိုအဲဒီ other ဖိုဒါထဲကို ထည့်ပါ။
၃။ Apk Multi-tools folder ထဲက 25kB ရှိတဲ့ ဒုတိယ Setup.bat ကို run ပါ။

၎။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 2 ကိုရွေးပါ။ Keyboard ကနေ 2 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ ပြီးရင် install framework ဖြစ်တဲ့ option 1 ကိုရွေးပါ။
၅။ ပြီးသွားလို့ အပေါ်က screen ကိုပြန်ရောက်ရင် option 3 ကိုရွေးပါ။  Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၆။ အဆင့် ၁ မှာ ကွန်ပျူတာထဲထည့်ခဲ့တဲ့  setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။
၇။ Script.bat ကို Double click နှိပ်ပြီး run ပါ။

၈။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။  အဆင့် ၁ မှာ လုပ်ခဲ့တဲ့ framework-res.apk ဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၉။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၁၀။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၁၁။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ မေးခွန်းတစ်ခုမေးပါလိမ့်မယ်။ n လိုက်ရိုက်ပြီး enter ခေါက်ပါ။
၁၂။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး System_Setting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၃။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၄။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၅။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။ (Note++ software အား Google တွင်အလွယ်တကူရှာပြီး Download & Install လုပ်နိုင်ပါတယ်)
၁၆။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၇။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၈။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၉။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၂၀။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။

0 ခု comment ပေးထားသည်:

Post a Comment

မှတ်ချက်ပေးသွားသူများအားအထူးကျေဇူးတင်ရှိပါသည်။သူငယ်ချင်းတို့၏ မှတ်ချက် တစ်ခုသည် ကျွန်ုပ်တို့ အတွက် အားဆေးတစ်ခွက်ဖြစ်ပါသည်။

Related Posts Plugin for WordPress, Blogger...


လူကြီးမင်းတို့ ရဲစီပွားရေးကြော်ငြာများထည့်သွင်းလိုပါကsarpayooyin@gmail.comသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်”

Template by:

Free Blog Templates